ခံစားလို့ရတဲ့ သီချင်း


Saturday, November 13, 2010

ရစ်သမ်တစ်ခု

အခန်းထဲမှာ ဗီရိုကြီးက ငေးလို့
မှင်မရှိတဲ့ ဘောပင်တစ်ချောင်းကို
ကောင်လေးတစ်ယောက် သိမ်းဆည်းထားမိလေရဲ့ 
ပျော်ရွှင်ခြင်းတွေက ခပ်ဝါးဝါးနဲ့ပေါ့….။ ။
နင်သာ အလင်းရောင်ဖြစ်ခဲ့မယ်ဆိုရင်…
နေကြာပန်းလို နင်ရှိရာ အရပ်ကို မျက်နှာမူရင်း
ပူပြင်းတဲ့ အလင်းရောင်ကို တပ်မက်စွာနဲ့
ငါ့မျက်နှာကို ဝင့်ကြွားလို့ ခေါင်းမော့ထားပေးပါ့မယ်…။ ။
အခန်းကျဉ်းထဲက ပန်းချီကားမှာ
မြွေတစ်ကောင်နဲ့
ပန်းသီးတစ်လုံးဘဲပါ၏။
နံရိုးတစ်ချောင်းကတော့ မျက်ခုံးတလှုပ်လှုပ်နဲ့ပေါ့…။ ။


Sunday, January 31, 2010





ဂစ်တာ တစ်လက်
အရက်တစ်ခွက်နဲ့
အထီးကျန် ငါတစ်ယောက်

Sunday, January 24, 2010

of + 3

လဲပြိုနေတဲ့ ချစ်ခြင်းရဲ့ သမိုင်းကြောင်း ပြန်လှည့်ကြည့်တော့....
ကြယ်တွေတောင် ကောင်းကင်မှာ မနေနိုင်ဘူး...
ိိိီဝုန်းဒိုင်း ဝုန်းဒိုင်း ပြိုလဲကျ.....
ကျနော် ဒီကောင်မလေးကို ချစ်တယ်..
အရမ်းချစ်တယ်...ဒါပေမယ့် ၁၅၀၀ ထက်မပိုဘူး
ပတ်ဝန်းကျင်နဲ့  တည်ဆောက်ထားတဲ့ ၁၅၀၀...
သူ့ ခမျာ တွန်းလှန်နိုင်ဖို့  ကြိုးစားနေရတယ်။

Popular Posts

Blogger templates

 

Blogger news

Blogroll

About